Featured

ထန်းတပင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ် နှစ်ပတ်လည်မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါ ဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

1

ရန်ကုန် သြဂုတ်(၁၁)ရက်

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံ ကိန်း၊ ဒုတိယနှစ် နှစ်ပတ်လည်မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊
မိုးလုံလေလုံအားကစားခန်းမ၌ယနေ့ နံနက်(၉း၀၀)နာရီကကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။Continue reading “ထန်းတပင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ် နှစ်ပတ်လည်မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါ ဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ”

Featured

ရက်(၁၀၀)စီမံချက်ဖြင့် မြေဌားဂရန်ပေးအပ်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ဇူလိုင် (၂၈)ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနကပြည်သူအတွက် ရက်(၁၀၀)လုပ်ငန်းစီမံချက်အရကျေးရွာမြေဌားဂရန်ထုတ်ပေးခြင်းလုပ်ငန်းနှင့်ကျေးရွာမြေဌားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည် (၁း၀၀)နာရီတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ရန်ကုန်မြောက်ပိုင်းခရိုင်ကျေးရွာမြေဌားဂရန်ထုတ်ပေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းကအဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက်တာဝန်ရှိသူများက ကျေးရွာမြေဌားဂရန်များကို ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာနေပြည်သူများထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက်ဓနဲရိကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေကကျေးရွာမြေဌားဂရန်ပေးအပ် ခြင်းနှင့်ပတ်သတ်ပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာနေပြည်သူများတက်ရောက် ခဲ့ကြကြောင်းသိရသည်။

Featured

လူထုဗဟိုပြုလုပ်ငန်းများထန်းတပင်မြို့နယ်တွင်ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန်( ၇  )ရက်

ကမ္ဘာ့ဘဏ်၏ဝန်ဆောင်မှုဖြင့်ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးContinue reading “လူထုဗဟိုပြုလုပ်ငန်းများထန်းတပင်မြို့နယ်တွင်ကွင်းဆင်းစစ်ဆေး”

ဆဋ္ဌမအကြိမ်မြောက် မြသိန်းတန်ဓမ္မစကူးလ်အောင်ပွဲနှင့်ခရိုင်အဆင့်ဓမ္မစကြာပြိုင်ပွဲတွင် ဒုတိယဆုရကျောင်သား၊ ကျောင်းသူများအားဆုပေးအပ်ပွဲကို ထန်းတပင်မြို့နယ်၌ကျင်းပ

ထန်းတပင်၊ ဇန်နဝါရီ(၂၀)ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက်မြသိန်းတန်ဓမ္မစကူးလ် အောင်ပွဲနှင့် ခရိုင်အဆင့် ဓမ္မစကြာပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသည့် (အ.ထ.က-ထန်းတပင်)မှကျောင်း သား၊ ကျောင်းသူများအားဆု ပေးအပ်ချီးမြှင့်ခြင်းကို ဇန်နဝါရီ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးပရိယတ္တိစာသင်တိုက်ကြီးတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ထိန်နှစ်ပင်ကျေးရွာမင်္ဂလာသာစည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမိန္ဒ၊ လှိုင် မြို့နယ် ဇေယျဝတီ ဆရာတော်ဘဒ္ဒန္တသုန္ဒရနှင့် လွမ်းစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ တို့ထံမှ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်ပရိသတ်များက ဆုံးမဩဝါဒစကားများကို နာယူခဲ့ကြပြီး ဓမ္မစကူးလ်ကျောင်းများ ရေရှည်တည်တံ့စေရေးနှင့် ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ရည်မှန်းချက်များကို ရန်ကုန်တိုင်းဒေသကြီး ဓမ္မစကူးလ်ကော်မတီ ဒုဥက္ကဌ ဆရာတော်ဒေါက်တာအရှင်ပညာဒီပမှ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။

ထို့နောက် ခရိုင်အဆင့် ဓမ္မစကြာပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသည့် (အ.ထ.က-ထန်းတပင်)မှ ကျောင်သား၊ ကျောင်းသူ(၃၃)ဦး၊   မြသိန်းတန်ဓမ္မစကူးလ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်တွင် ဆုရရရှိခဲ့ကြသည့် ကျောင်းသား/သူကလေးငယ်(၃၀)ဦးနှင့် ကျောင်းတက် မပျက်ဇွဲထက်သန်ဆုရ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး ဓမ္မစကူးလ် ကော်မတီဒုဥက္ကဌဆရာတော်ဒေါက်တာအရှင်ပညာဒီပ၊ မြသိန်းတန်ဘုရားကြီး  ပရိယတ္တိစာသင် တိုက် ဦးစီးပဓာန၊ နာယကဆရာတော်ဘဒ္ဒန္တသုမနနှင့် ဆရာတော်အရှင်သူမြတ်များ၊ ဆရာ၊ ဆရာမများ၊ စေတနာအလှူရှင်များနှင့်ပရဟိတအဖွဲ့ဝင်များကဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြသိန်းတန်ဓမ္မစကူးလ်သင်တန်းကို မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ဖွင့်လှစ် ဆောင် ရွက်လျက်ရှိရာ  ပဉ္စမအကြိမ်မြောက်အထိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက် တန်း အ ဆင့်ကျောင်းသား/သူကလေးငယ်(၂၁၈၂)ဦးတို့ကို သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ယခုဆဌမအကြိမ်မြောက် တွင်ကျောင်းသား၊ ကျောင်းသူကလေးငယ်(၃၅၀)တို့တက်ရောက်သင်ယူခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှေးဆရာတော်ကြီးများ၏ဂုဏ်ကျေးဇူးကိုရည်မျှော်မှန်း၍ ထေရာနုဿတိဂုဏပူဇာအလှူမင်္ဂလာကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ထန်းတပင်၊ ဇန်နဝါရီ(၁၈)ရက်DSC06911DSC06932DSC06933DSC06936

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီကျောင်းတိုက် ကြီး၌ ရှေးဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးတို့ကို ရည်မျှော်မှန်း၍ ထေရာနုဿတိဂုဏပူဇာ အလှူ မင်္ဂလာကို ဇန်နဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းအချိန်ကကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကိုစတင်ခဲ့ကြပြီး မြသိန်းတန်ဘုရားကြီးကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တ သုမန ထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၂၅)ပါးတို့ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ပရိတ်တရားတော်မြတ်များကိုနာယူခဲ့ကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထေရာနုဿတိဂုဏပူဇာအလှူမင်္ဂလာကို လွမ်းစေတီကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသမှ ကြီးမှူး၍ တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ စုပေါင်းကာ ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် လွမ်းစေတီကျောင်းတိုက်ကြီးကို တည်ထောင်ကာသာသနာ့အကျိုး၊ လောကအကျိုးသယ်ပိုးသွားတော်မူကြကုန်သော ရှေးဆရာတော်ကြီး များ၏ ဂုဏ်ကျေးဇူးကိုရည်မျှော်မှန်းဆ၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ထန်းတပင်မြို့နယ်တွင်ကျင်းပ

ထန်းတပင်၊ ဇန်နဝါရီ(၅)ရက်

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံလွှင့်တင်အလေးပြုခြင်းအခမ်းအနားကို နံနက်(၄)နာရီမိနစ်(၂၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ထန်းတပင်မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကိုလွှင့်တင်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး(၂)လွှတ် တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့်မြို့နယ်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက နိုင်ငံတော်အလံကိုဦးညွှတ်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နံနက်(၇)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ကဖတ်ကြားခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကလေးငယ်(၁၂)ဦးတို့ကို မြို့နယ်တာဝန်ရှိသူများကဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

DSC06472DSC06476DSC06477DSC06479

အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ရုံးဝန်ထမ်းများကဖြန့်ဝေပေးခဲ့ ကြသည်။

မြို့နယ်(ပြန်/ဆက်)

ထန်းတပင်တွင်စိုက်ပျိုးရေများပေးဝေနိုင်ရေးဆောင်ရွက်နေ

ထန်းတပင်၊ ဇန်နဝါရီ(၁)ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခုတို့ဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေးလုပ်ငန်းများကို (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ(တတိယအပတ်)မှစတင်၍ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှသိရသည်။

တောင်သူများအား စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ရေကော်မတီများဖွဲ့စည်းဆောင်ရွက် ပေးခြင်းနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတို့အတွက်လည်း ဒေသခံတောင်သူများနှင့်တွေ့ဆုံ ကာညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေပေးဝေမှုများ အဆင်သင့်ဖြစ်စေရန်အတွက်လည်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)တို့မှ ရေပေးဝေနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်သလို တောင်သူများ၏ မိုးစပါးရိတ်သိမ်းမှုများ ဆောင်ရွက်ပြီးစီးသွားပါက စိုက်ပျိုးရေများကို စတင်ကာပေး ဝေသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်း အမြစ်) ဒုတိယဦးစီးမှူး ဦးအောင်မှပြောသည်။

(၂၀၁၉-၂၀၂၀)ခုနှစ် နွေစပါးနှင့်သီးနှံစိုက်တောင်သူများအတွက် ဘောလည်မြစ်ရေပေါ်သောင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှနွေစပါးနှင့်သီးနှံ (၁၁၅၀)ဧက၊  လှိုင်မြစ်ကြို့ကုန်းလျှပ်စစ်မြစ်ရေတင်လုပ် ငန်းမှနွေစပါးနှင့်သီးနှံ (၆၀၀)ဧက၊ လှိုင်မြစ်ဂွေ့တန်းရှည်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၇၀၀)ဧကနှင့် ကုက္ကိုဝမြစ်ကျွန်းငူလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ နွေစပါးနှင့်သီးနှံ (၄ဝဝ)စိုက်ဧက စုစုပေါင်း နွေစပါးနှင့်သီးနှံစိုက်ဧက(၂၈၅၀)တို့အတွက် စိုက်ပျိုးရေများကို ပေးဝေနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခုတို့ဖြင့် (၂၀၁၆-၂၀၁၇)ခုနှစ်တွင် နွေစပါးနှင့်သီးနှံ (၁၄၁ဝ)စိုက်ဧက၊ (၂၀၁၇-၂၀၁၈)ခုနှစ်တွင် နွေစပါးနှင့်သီးနှံစိုက်ဧက(၂၂ဝဝ)နှင့် (၂၀၁၈-၂၀၁၉) ခုနှစ်တွင်နွေစပါးနှင့် သီးနှံ (၂၇၃၅) စိုက်ဧကတို့ကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

 

 

ထန်းတပင်တွင်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ကလေးပြိုင်ပွဲကျင်းပ

ထန်းတပင်၊ ဒီဇင်ဘာ(၂၅)ရက်

1

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆို ဂုဏ်ပြု သောအားဖြင့် ကလေးပြိုင်ပွဲကို ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

8

ပြိုင်ပွဲတွင် မွေးကင်းစမှ(၆)လအရွယ်၊ (၆)လမှ(၁)နှစ်အရွယ်၊ (၁)နှစ်မှ(၁)နှစ်ခွဲအရွယ်၊ (၁)နှစ်ခွဲမှ (၂)နှစ်အရွယ်နှင့် အမွှာအုပ်စုဟူ၍ (၅)အုပ်စုခွဲကာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာလမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း နှင့်ကျန်းမာရေးစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ကြသည်။

10

လွတ်လပ်ရေးနေ့အကြိုကလေးပြိုင်ပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြြခင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့ပေါ်ရပ် ကွက်(၅)ခုတို့မှ ကလေးငယ် (၂၈)ဦးတို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ ဆုများရရှိသည့် ကလေးငယ်များ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သွားမည့် (၇၂)နှစ်မြောက်လွတ်လပ်ရေး နေ့အထိမ်းအမှတ်အခမ်းအနားတွင်ဆုများကိုပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်ကိုထန်းတပင်တွင်ဖွင့်လှစ်

ထန်းတပင်၊ ဒီဇင်ဘာ(၆)ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက် အဦးဖွင့်ပွဲကို ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းအချိန်က ထန်းတပင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါရုံးသစ်တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။Continue reading “မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်ကိုထန်းတပင်တွင်ဖွင့်လှစ်”

ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ Community Centre ခန်းမ၌ အိမ်တွင်းမှုပညာသင်တန်းဖွင့်လှစ်

ထန်းတပင်၊ ဇူလိုင်(၄)

အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့်အိမ်တွင်းမှုပညာရပ်ဖြင့်မိသားစုအပိုဝင်ငွေရရှိနိုင်စေရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အိမ်တွင်းမှုပညာသင်တန်းကို ဇူလိုင်(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ Community Centre ခန်းမ၌ဖွင့်လှစ်ခဲ့သည်။Continue reading “ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ Community Centre ခန်းမ၌ အိမ်တွင်းမှုပညာသင်တန်းဖွင့်လှစ်”

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုထန်းတပင်မြို့နယ်တွင်ကျင်းပ

IMG_20180703_074604

ထန်းတပင်၊ ဇူလိုင်(၃)

၂၀၁၈ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့တွင်ကျရောက်သည့်မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့၊ နံနက်(၇)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၊ ထန်းတပင်-ကျူတောကားလမ်း၊ လမုတန်းလေးကျေးရွာအနီး၌ ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။Continue reading “မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုထန်းတပင်မြို့နယ်တွင်ကျင်းပ”

ထန်းတပင်မြို့နယ်၌တရားမဝင်ကျွန်းသစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးဖမ်းဆီးရမိ

ထန်းတပင်၊ ဇူလိုင်(၂)ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးစံအေးလမ်း၊ ကျွန်းငူကမ်းနား အနီး၌ ဇူလိုင် (၁) ရက်နေ့၊ ည(၆)နာရီ(၄၅)မိနစ်အချိန်က တရားမဝင် ကျွန်းသစ်များ တင်ဆောင်လာသည့် ယာဉ် တစ်စီးကိုဖမ်းဆီးရမိခဲ့ကြကြောင်းသိရသည်။Continue reading “ထန်းတပင်မြို့နယ်၌တရားမဝင်ကျွန်းသစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးဖမ်းဆီးရမိ”

ဆဋ္ဌမအကြိမ်မြောက်“ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကိုထန်းတပင်မြို့နယ်တွင်ကျင်းပ

DSC02958

ထန်းတပင်၊ ဇွန်(၁၇)ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကို ဇွန်(၁၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။Continue reading “ဆဋ္ဌမအကြိမ်မြောက်“ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကိုထန်းတပင်မြို့နယ်တွင်ကျင်းပ”